
 






 





Unicode

မော်လမြိုင်မြို့တွင် လင်မယားချင်းစကားများရာမှ အမျိုးသမီးဖြစ်သူက မိမိခန္ဓာကိုယ်အား… See more

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ဇေယျာမြိုင်ရပ် ကွက်တွင် ဇွန် ၁၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ည ၈ နာရီ ၁၈ မိနစ်ခန့်က ဇေယျာမြိုင်ရပ်ကွက်နေ လင်မယား ၂ ဦးသည် လင်မယားချင်းစကားများရာမှ

အသက်(၃၅)နှစ်အရွယ်ခန့်ရှိ အမျိုးသမီးဖြစ်သူသည် မိမိခန္ဓာကိုယ်အား ဓားဖြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လင်မယားချင်းစကားများပြီး သူ့ကိုယ်သူပြန်ထိုးတာ ဒဏ်ရာတစ်ချက်ထဲပါပဲ မစိုးရိမ်ရပါဘူး”ဟု ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ဓားဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ

မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published.